သတိရှိဖို့သာ လိုရင်း
ဝိသုဒ္ဓိမဂ် ဓမ္မလမ်း အဖွဲ့၏ ရည်ရွယ်ချက် (Objectives)

မြတ်စွာဘုရား၏သာသနာကို သာမန်လူတို့ လွယ်ကူစွာ နားလည်သိမြင်ရန်
To Help Ordinary People Understand Buddha’s Teaching Easily

ဓမ္မကို ဘဝမှာ လက်တွေ့ကျင့်သုံး နေထိုင်တတ်ရန်
To Apply Dhamma in Our Daily Lives

သာသနာ့အမွေကို လက်ဆင့်ကမ်း မျှဝေပေးရန်
To Share and Handover The Heritage Of Dhamma To New Generation
မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဒေါက်တာဦးစိုးလွင်(မန္တလေး)
ဓမ္မလမ်း အဖွဲ၏ ဦးဆောင် နာယက ဆရာကြီး ဒေါက်တာ ဦးစိုးလွင်ကို အဖ ဦးသန်းအောင် အမိ ဒေါ်ဝင်းမေ တို့မှ ၁၉၅၈ ခုနှစ်တွင် ဖွားမြင်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့ပါသည်။ ဆရာကြီး သည် ၁၉၉၀-၉၁ မှစ၍ ဓမ္မစာပေများကို ဖတ်ရှုလေ့လာခဲ့ပါပြီး
၂၀၀၄ ခုနှစ်တွင် စာဓမ္မအမြင်မှ ခန္ဓာဓမ္မအမြင်ရောက်အောင် လက်တွေ့ ၀ိပဿနာတရားအလုပ်ကို စတင်၍ နှလုံးသွင်း အားထုတ်ခဲ့ပါသည်။
၂၀ဝ၉ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ် (၇၆-၈၂ ) စာသင်နှစ်၏ (၁၀) ကြိမ်မြောက် အာစရိယပူဇော်ပွဲ၌ “ဓမ္မလမ်းကို လျှောက်ကြမယ်” ခေါင်းစဉ်ဖြင့် ဓမ္မစာစုကို စတင် ရေးသား၍ ဆရာ၊ဆရာမတို့ကို ဓမ္မနှင့် ပူဇော်ကန်တော့ရင်း သူငယ်ချင်းတို့ကိုလည်း ဓမ္မလမ်းပေါ်ရောက်အောင် ခေါ်ဆောင်ခဲ့ပါသည်။ ဆရာကြီး၏ ၀ိပဿနာသာသနာပြုလုပ်ငန်းများကြောင့် ၂၀၂၀ ခုနှစ်တွင် နိုင်ငံတော်မှ “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့ခြင်း ခံခဲ့ ရပါသည်။